Sunday, September 8, 2019
ဆင်းရဲမယ့်အချက် (၇) ချက်
(၁) မစဉ်းစားပဲသုံးတယ်
ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကို
ထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ် /
“လိုအပ်တာ” နဲ့ “လိုချင်တာ” ကိုမခွဲခြားနိုင်ဘူးဆိုရင်
မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ်
ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်
(၂) ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း
သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို
တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ / credit အကြွေး / ကဒ်တစ်ခုခုအကြွေး / အပြင်က အကြွေး /
အရစ်ကျပေးချေခြင်းအကြွေး / စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ /
ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ /
(၃) ငွေရေးကြေးရေးအပိုင်း အသေးစိပ်မထိန်းသိမ်းခြင်း
ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း / အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း /
ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း/ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း / ဒီလို မျိုး အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ် / ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ /
(၄) အပိုငွေ - အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း
ငွေရေးကြေးရေး plan မချခြင်း / အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ် /
ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု -
(၁) ဝင်ငွေ - ထွက်ငွေအရင်း
(၂) ငွေရေးကြေးရေး အခြေအနေ အရင်း
(၃) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်
(၅) စုငွေကို အထင်သေးခြင်း
စုငွေရဲ့ အ ဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ / ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ
(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ်
ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘော
နဲ့တူတူပါပဲ / ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ် / ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်
(၇)
ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို
အလေးမပေးဘူးငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး / ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ် / ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ (ဝင်ငွေရှာပါ / ငွေဝင် ငွေထွက်ကို control လုပ်ပါ / ငွေစုပါ / ပြီးရင် အရင်းအနှီးလုပ်ပါ ) ... ဒီနေ့ကနေစပါ
.
.
ဒီ (၇) ချက်ထဲမှာ သင်အကျင့်ရှိပါသလား ??
ရှိတယ်ဆိုရင် မှတ်ထားပါ ....
credit : op
Sunday, January 27, 2019
ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူပါ
ခွင့်လွှတ်ခြင်းနဲ့ အနိုင်ယူပါ
______________________
လက်ငါးချောင်းတောင် အရွယ်စားမတူညီတဲ့လောကကြီးထဲ
သူမှန်တယ် ငါမှန်တယ်ဆိုတဲ့ အငြင်းတရားတွေနဲ့ 
မရှင်သန်ချင်ဘူး ။
ကိုယ်ပိုင်တဲ့ ခန္ဓာကိုယ်ပေါ်က  လက်ငါးချောင်းတောင်
အရွယ်စားမတူညီနိုင်မှ ကိုယ်မဟုတ်တဲ့ တခြားလူရဲ့စိတ်
ဆိုတာ  ကိုယ်နဲ့  ဘယ်လိုထပ်တူကျ နိုင်မှာလည်း ။
ကိုယ့်စိတ်နဲ့ ကိုယ်ရှင်သန်နေတဲ့လူတွေကို
ကိုယ့်အပေါ်  ကောက်ကျစ်သွားရင်တောင်
ဘယ်သူမကောင်းဘူး ဘယ်ဝါမကောင်းဘူးလို့ 
အပြစ်မပြောချင်ပါဘူး သူ့ အပြစ်နဲ့ သူ တူသောအကျိုးခံစား
ရလိမ့်မယ်လို့  ဥပေက္ခာပြုထားလိုက်ပါတယ် ။
နေ့ စဉ်နဲ့ အမျှ  ဘဝရပ်တည်ရှင်သန်ရေးအတွက်
ရုန်းကန်နေသူ  လူသားတွေတိုင်း
ပြစ်ကင်းတဲ့သူ ဘယ်သူရှိမလည်း
ကိုယ်လည်း  အပြစ်ကင်းသူလို့   မခံယူထားပါဘူး
အမှားဆိုတာရှိနိုင်သလို  အပြစ်ဆိုတာလည်း
လုပ်မိမှာပါ  ကိုယ်ကမသိလိုက်တာပဲ ရှိလိမ့်မယ် ။
ဒါပေမယ့်
လူရယ်လို့   ဖြစ်လာရင်  လူတွေကြားထဲ ဖြူနေဖို့ တော့
လိုအပ်တယ် အမှားနည်သူဖြစ်အောင် နေတတ်ရပါမယ် ။
လူအခြင်းခြင်းဆက်ဆံရေးမှာ 
ငါ ဆိုတဲ့အတ္တနဲ့  ရှင်သန်နေမဲ့အစား  သူ့ ဖက်ကိုလည်း
မြင်တတ်သူ ကိုယ့်ဖက်ကိုလည်းပြန်ကြည့်တတ်သူ
ဖြစ်အောင် နေထိုင်လိုက်ရင်
မုန်းသူလည်းကင်းမယ် ၊
ပြဿ      နာဆိုတာလည်း ရောက်မလာဘူး
လူဖြစ်ရလာခြင်းအတွက်လည်း  အဓိပါယ် ပြည့်စုံစေပါတယ်။
ခွင့်လွှတ်ခြင်းနဲ့ သာ  အနိုင်ယူလိုက်ပါ ။
Credit#MayNoe
ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်
ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်
********************************
၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း
သူတပါးအလုပ်ကို
ဝင်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။
၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်
မွေးမြူနိုင်အောင် ကြိုးစားပါ။
၃။ လိုချင်စိတ်တော့ထားပါ။
သို့သော် ငတ်ကြီးမကျမိအောင်
ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။
 ၄။ တဖက်သားအပေါ်
မနာလိုဝန်တိုစိတ် မဖြစ်မိစေရန်
 ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။
၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ
ရနိုင်မည် ဆိုသည့်အသိမျိုးကို
အမြဲပျိုးထောင်ပေးထားပါ။
၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို
လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။
၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့
စိတ်ဓာတ်မျိုး မမွေးမိအောင် ကြိုးစားပါ။
၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့
စိတ်ဓာတ် မွေးမြူထားပါ။
၉။ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ
အချိန်မဆွဲမိအောင် ကြိုးစားပါ။
၁၀။ ဘယ်တော့မှ သတိလက်လွတ်
မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။
ထာဝရအလင်းတန်းများ မှကူးယူဖော်ပြပေးပါသည်။
 #ကဗျာလမ်းညွှန်_ဇော်လှိုင်းထက်_တကောင်းသား