Sunday, January 27, 2019

ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်


ဘ၀မှာနေပျော်ချင်သူတို့အတွက် ဥပဒေသ (၁၀) ချက်
********************************

၁။ ကိုယ့်ကို အကူအညီမတောင်းမချင်း
သူတပါးအလုပ်ကို
ဝင်မစွက်ဖက်မိအောင် ပြုမူနေထိုင်ပါ။

၂။ ခွင့်လွှတ်နားလည်ပေးနိုင်တဲ့ စိတ်ဓာတ်
မွေးမြူနိုင်အောင် ကြိုးစားပါ။

၃။ လိုချင်စိတ်တော့ထားပါ။
သို့သော် ငတ်ကြီးမကျမိအောင်
ကိုယ့်လောဘကို ထိမ်းနိုင်အောင်ကြိုးစားပါ။





 ၄။ တဖက်သားအပေါ်
မနာလိုဝန်တိုစိတ် မဖြစ်မိစေရန်
 ကိုယ့်စိတ်ဓာတ်ကို မြှင့်တင်ထားပါ။

၅။ ကိုယ့်ဘ၀ကို ကိုယ်တိုင်ပြောင်းလဲမှ
ရနိုင်မည် ဆိုသည့်အသိမျိုးကို
အမြဲပျိုးထောင်ပေးထားပါ။

၆။ ကိုယ့်ရဲ့ မကောင်းတဲ့အမူအကျင့်ကို
လွယ်ကူစွာ ကုစားနိုင်သူဖြစ်အောင် ကြိုးစားပါ။

၇။ မရဲဘဲ ကျွဲလှည်းစီးချင်တဲ့
စိတ်ဓာတ်မျိုး မမွေးမိအောင် ကြိုးစားပါ။

၈။ ကောင်းမှုတစ်ခုကို နေ့စဉ်ပြုလုပ်လိုတဲ့
စိတ်ဓာတ် မွေးမြူထားပါ။

၉။ ပူဆွေးဝမ်းနည်းမှုတွေနဲ့အတူ
အချိန်မဆွဲမိအောင် ကြိုးစားပါ။

၁၀။ ဘယ်တော့မှ သတိလက်လွတ်
မဖြစ်စေရအောင် ကြိုးစားနေထိုင်ပါ။

ထာဝရအလင်းတန်းများ မှကူးယူဖော်ပြပေးပါသည်။

 #ကဗျာလမ်းညွှန်_ဇော်လှိုင်းထက်_တကောင်းသား
Previous
This Is The Oldest Page